YouTube Tutorial တွေကို ကြည့်နေတုန်းပဲ “ကုဒ်” ရေးတတ်တာလား ?
YouTube Tutorial တွေကို ကြည့်နေတုန်းပဲ “ကုဒ်” ရေးတတ်တာလား ?
ဒါဆိုရင်တော့ သင်ဟာ beginner အယောက် ၁၀၀ မှာ ၉၉ လောက်ကြုံနေရတဲ့ Tutorial Hell ထဲကို ရောက်ရှိနေပါပြီ။
YouTube tutorial တွေကို ကြည့်နေရင်း “ကုဒ်”တဲ့အချိန်ပဲ ဆရာကြီး ဖြစ်နေပြီး tutorial တွေကြည့်ပြီးတဲ့ အချိန်မှာ မ“ကုဒ်”တတ်တော့တာ။
Tutorial မပါဘဲ စိတ်ကူးထဲမှာပေါ်လာတဲ့ UI Component တွေ / Website Design တွေကို မဖန်တီးတတ်တာ။
Tutorial တွေကိုပဲ ကြည့်လိုက် ရေးလိုက် နဲ့ အချိန်ကုန်နေပြီး Tutorial တွေ ကြည့်ပြီးသွားတဲ့အချိန်မှာ ဘာမှနားမလည်တော့တာ။
Tutorial တွေကိုပဲ ကြည့်နေသလိုဖြစ်ပြီး ကိုယ့်ကိုယ်ကို တိုးတက်လာတယ်လို့ မခံစားရတာ။
ဒါမျိုးတွေဖြစ်နေရင်တော့ Tutorial Hell ထဲရောက်နေပြီ ဖြစ်ပါတယ်။
အရင်ဆုံး သင်ကြားမှုပုံစံ၊ လေ့လာမှု ပုံစံကို ပြောင်းလဲရပါမယ်။ အဓိက ကတော့ များများတွေးဖို့ပါပဲ။ Tutorial တွေကို ကြည့်လိုက် ရေးပြသလို လိုက်ရေးလိုက် ကြည့်လိုက် ရေးလိုက် လုပ်နေမဲ့အစား
သင်ပြီးခဲ့တာတွေနဲ့ ကိုယ်ရေးခဲ့ပြီးတာတွေကို ပြန်ကြည့်ရင်း ဒီ"ကုဒ်"က ဘယ်လိုအလုပ်လုပ်တာလဲ၊ ဒီ output က ဘယ်လိုဖြစ်လာတာလဲ ဒါတွေကို ပြန်စဉ်းစားပါ။ တစ်ခုခုနားမလည်တာရှိရင် video ကို နောက်ပြန်ရစ်ပြီး ပြန်လေ့လာပါ။
Tutorial ထဲမှာ သင်တဲ့သူက မရေးခင် ကိုယ်ကကြိုပြီး သူရေးမဲ့ feature / ui ကို ကြိုပြီးရေးကြည့်ပါ။ မှားမှာ ကြောက်စရာမလိုပါဘူး။ နောက်ပြီးမှ တိုက်စစ်ကြည့်ပါ။
ဒါကတော့ အပေါ်က နှစ်ခုနဲ့ ပြောင်းပြန်။ Tutorial ကို ကြည့်ရင်း လိုက်မရေးနဲ့။ သူရေးပြတာကိုပဲ တောက်လျှောက်ကြည့်။ note ထုတ်။ documentation ဖတ်။ ပြီးတော့မှ video ကို လုံးဝမကြည့်ဘဲ သင်ခဲ့ရတာတွေကို ပြန်တွေးပြီး note လေးတွေ ပြန်ဖတ်ရင်း Documentation တွေကို လှန်လှောဖတ်ရင်း အတတ်နိုင်ဆုံး tutorial ကို ပြန်ဖွင့်မကြည့်ဘဲ ရေးကြည့်ပါ။
နောက်ဆုံး အဆင့်အနေနဲ့ကတော့ ကိုယ်ရေးချင်တဲ့ အရာတွေကို Tutorial တွေကြည့်မနေတော့ဘဲ သင်ပြီးတာတွေကို အသုံးချပြီးရေးကြည့်ဖို့နဲ့ မရတာတွေရှိရင် Documentation ဖတ်ပြီး ရေးကြည့်ဖို့ဖြစ်ပါတယ်။
ဒီအလေ့အကျင့်တွေကို အဆင့်ဆင့်လုပ်ရင်း နောက်ဆုံးကျ စိတ်ကူးတွေကို အကောင်အထည်ဖော်နိုင်ဖို့ tutorial တွေ မလိုအပ်ဘဲ ကိုယ့်ဘာသာ documentation ဖတ်ရင်း လုပ်နိုင်တဲ့ အဆင့်ကို အလိုလိုရောက်သွားပါလိမ့်မယ်။