REACT JS လေ့လာပြီးရင် NEXT JS ကို တန်းပြီး လေ့လာသင့်လား။
react js ကို လေ့လာပြီးပြီဆိုတာနံ့ ကျောင်းသားတွေက next js ကို လေ့လာချင်ကြတယ်။ ဘာလို့ဆို next js က လူသုံးများတယ်။ Company တွေမှာ သုံးကြတယ်။ Full stack app တွေကို တန်းပြီး တည်ဆောက်လို့ရတယ် စသဖြင့် သူ့ရဲ့ powerful ဖြစ်တဲ့ အရာတွေကြောင့် လေ့လာချင်ကြတာ များပါတယ်။
ဒါပေမဲ့ လုပ်ငန်းခွင်အတွေ့အကြုံအရရော online class တွေ သင်ကြားရင်း ရခဲ့တဲ့ အတွေ့အကြုံတွေကြောင့်ရော ကျွန်တော်ကတော့ REACT JS လေ့လာပြီးရင် Backend Development ကို မလေ့လာရသေးဘဲ NEXT JS ကို တန်းလေ့လာဖို့ အားမပေးပါဘူး။
အဓိက အကြောင်းအရင်းကတော့ react ဆိုတာက frontend library သက်သက် ဖြစ်နေပြီး next js နဲ့ အများကြီးကွာခြားပါတယ်။ ကျောင်းသားတို့နဲ့ ခရက်လေး လိုပါပဲ။ next က react ပေါ်အခြေခံထားတယ်။ မှန်ပါတယ်။ ဒါပေမဲ့ next js ကို သေချာနားလည်နိုင်ဖို့ အတွက်က next js ကို မလေ့လာခင်မှာ
server side rendering
api routes
cookies and sessions
jwt authentication စတဲ့ အခြေခံ backend knowledge တွေ အပြင် data fetching strategies တွေဖြစ်တဲ့ SSR, SSG, ISR, CSR စတာတွေရဲ့ အလုပ်လုပ်ပုံနဲ့ ကွာခြားမှုတွေကို သိထားသင့်ပါတယ်။
ဒါတွေကို ခြုံကြည့်လိုက်မယ်ဆိုရင် client ထက် backend ကို အခြေခံထားတဲ့ concepts တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် react js လို frontend library ကို လေ့လာပြီးရုံနဲ့ ဒါတွေကို သိဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကျောင်းသားတို့နဲ့ ခရက်လေးလိုပါပဲ။ client နဲ့ server အပြန်အလှန် အလုပ်လုပ်ပုံကို မလေ့လာ မသိဘဲ YouTube ကြီးဖွင့်ပြီး next js project တွေကို ထိုင်ရေးနေမယ်ဆိုရင် code တွေကို copy paste လုပ်နေတဲ့ အဆင့်ပဲ ရှိမှာပါ။
အဓိကအားဖြင့် backend development basic တွေဖြစ်တဲ့
client ကနေပြီး server ကို ဆက်သွယ်ပုံနဲ့ Get, Post, Put, Delete စတဲ့ method တွေကို သိထားရမယ်။
API တစ်ခု တည်ဆောက်ပုံ၊ အလုပ်လုပ်ပုံ နဲ့ Request, Response တွေကို ဘယ်လို handle လုပ်ရမလဲ သိထားရမယ်။
Authentication ရဲ့ မပါမဖြစ်တဲ့ cookie and token တွေရဲ့အရေးပါပုံ နဲ့ အလုပ်လုပ်ပုံတွေကိုလဲ သိထားရမယ်။
Popular databases တွေဖြစ်တဲ့ MySQL, MongoDB, postgreSQL ဒါတွေနဲ့ Data တွေကို ဘယ်လို CRUD Operation တွေ ပြုလုပ်ရမလဲဆိုတာကိုလဲ လေ့လာထားသင့်ပါတယ်။
Server Knowledge
Server တစ်ခုရဲ့ အလုပ်လုပ်ပုံ တည်ဆောက်ပုံ ကိုလဲ မဖြစ်မနေလေ့လာသိရှိထားသင့်ပါတယ်။
ဒါတွေကို လေ့လာထားမယ်ဆိုရင်တော့ next js ကို လေ့လာတဲ့အခါမှာ ပိုပြီးနားလည်လွယ်မှာ ဖြစ်သလို debug လုပ်ရတာကိုလဲ ပိုမို လွယ်ကူစေမှာဖြစ်ပါတယ်။ နောက်ပြီး Backend Development ကိုပါ လေ့လာထားတာမို့ လုပ်ငန်းခွင်ဝင်တဲ့ အခါ ခြေတစ်လှမ်းသာနေမှာ ဖြစ်ပါတယ်။
နောက်ဆုံးအနေနဲ့ ကျောင်းသားတွေကိုရော beginner တွေကိုရော recommend ပေးချင်တာကတော့ react လေ့လာပြီးတဲ့အခါမှာ လောပြီး next js ကို လေ့လာမဲ့အစား backend development အခြေခံ ကို လေ့လာပါ။ php laravel ဒါမှမဟုတ် node express ကြိုက်တာကိုသာ လေ့လာပါ။ frontend + backend ကို ပေါင်းပြီး authentication ပါဝင်တဲ့ full stack project တစ်ခုကို တည်ဆောက်ကြည့်ပါ။ ပြီးမှ next js ကို ပြန်ပြီး လေ့လာပါ။