လုပ်ငန်းခွင်စစဝင်ချင်း Junior လေးတွေလုပ်တတ်တဲ့ အမှားတစ်ချို့ကို တော်ကီဖုတ်ထားပါတယ်။
ဒါကိုတော့ ကျွန်တော်တို့ကြားထဲမှာ silent mode on ထားတဲ့ dev လေးတွေလို့ အပြောများပါတယ်။ team member တွေနဲ့ အပေါင်းအသင်း အဆက်အဆံ သိပ်မလုပ်ကြတဲ့သူမျိုးတွေပေါ့။ ဒါတွေက အစပိုင်းမှာတော့ ရှိန်နေလို့ဘာညာ ရှိပေမဲ့ နောက်ပိုင်းတတ်နိုင်သသောက် team communication ကောင်းအောင် လုပ်သင့်ပါတယ်။ နောက်ထပ်တစ်ခုကတော့ meeting တွေမှာ senior တွေက task တစ်ခုခုပေးတဲ့အခါမှာလဲ အခက်အခဲရှိတဲ့နေရာရှိရင် ပွင့်ပွင့်လင်းလင်းပြောပါ။ ဒါမှသာ senior တွေက လိုအပ်တဲ့ support / solution ကို ပေးနိုင်မှာဖြစ်ပါတယ်။ အဆင်ပြေလောက်ပါတယ် ရလောက်ပါတယ်ဆိုပြီး မတင်မကျစိတ်နဲ့ task တွေကို မယူပါနဲ့။
ဒါကတော့ ပထမတစ်ချက်နဲ့ ဆက်စပ်နေတယ်လို့တောင် ပြောလို့ရပါတယ်။ task တွေကို မနိုင်မနင်းယူပြီး deadline နီးမှ popper testing မလုပ်ဘဲ push ကြတာပါ။ senior တွေက ပြန်စစ်တဲ့အခါ အဆင်မပြေတာ အရမ်းများရင် stress မိပြီး နည်းနည်းဖီးအောက် သွားတတ်ကြပါတယ်။ ဒီနေရာမှာ အဓိကပြောချင်တာက အမှားကို မဟုတ်ဘဲ task တွေကို သေချာ management လုပ်ပြီး process အတွင်းမှာ အဆင်မပြေတာရှိရင် senior တွေကို မေးဖို့ / တိုင်ပင်ဖို့ ပါပဲ။ ကိုယ်ထင်ရာကို ပြီးရောဆိုပြီး လုပ်မချလိုက်ဖို့ရယ်၊ popper testing ကို လုပ်ပြီးမှ push ဖို့ပါပဲ။
ပြီးချင်ဇောများပြီး team documentation ကို သေချာမဖတ်ဘဲ အလုပ်လုပ်ကြတဲ့သူတွေလဲ ရှိပါတယ်။ နည်းပညာအသစ်တစ်ခုကို စတင်ထိတွေ့ရင် လုပ်နိုင်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်အရမ်းမများဘဲ documentation ကို အရင်ဖတ်ကြည့်ပါ။ အချိန်ရရင် yt မှာ crash course လေးတွေကို ကြည့်ပါ။ listening skill ကောင်းပြီး စိတ်မရှည်ရင် 1.3× လောက်နဲ့ ကြည့်ပါ။ documentation လဲဖတ်ပြီးပြီ crash course လဲ ကြည့်ပြီးပြီဆိုရင်တော့ စပြီး အလုပ်လုပ်ကြည့်ပါ။ အခက်အခဲတော်တော်နည်းသွားပါလိမ့်မယ်။
ဒါကတော့ လမ်းကြုံလို့ ပြောထားတာပါ။ တစ်ချို့သော junior ပေါက်စတွေက framework တွေ library တွေကိုပဲ အရမ်း အားသာပြီး pure language နဲ့ ရေးထားတဲ့ project တွေကို တော်တော်အားနည်းကြတာပါ။ သိထားသင့်တာက အလုပ်မှာ project တွေက အသစ်တွေပဲ ရေးရတာမဟုတ်ပါဘူး။ အရင် tech အဟောင်းတွေနဲ့ ရေးထားတဲ့ project တွေကို maintain ပြုလုပ်ရတာတွေလဲ ရှိသလို teach အသစ်ကို migrate ပြုလုပ်ပေးရတာလဲ ရှိပါတယ်။ local company တစ်ခုမှာ လုပ်ဖူးတုန်းက pure PHP project တွေ တော်တော်များများကို migrate / maintenance ပြုလုပ်ပေးခဲ့ရပါတယ်။ ဒါကြောင့် ကိုယ်က pure language တွေမှာ အားနည်းတယ်ဆိုရင် အားတဲ့အချိန်မှာ ပြန်လေ့လာပါ။ deep course တွေ လေ့လာပါ။
ဒါကတော့ အကျင့်ပါလာတာပေါ့။ စလေ့လာတုန်းက note မထုတ်ကြတာ။ ဒီနေရာမှာက စာအုပ်နဲ့ ခဲတံနဲ့ပဲ ထုတ်ရတယ်လို့ မရှိပါဘူး။ mobile phone မှာ မှတ်ဖို့ ပို recommend ပေးပါတယ်။ ဒါမှ ပိုဖတ်မိကြမှာပါ။ ဒါပေမဲ့ ဒါကို ပြောချင်တာမဟုတ်ပါဘူး။ ဒီအကျင့်ကြီးက လုပ်ငန်းခွင်ထဲထိ ပါလာတတ်ပြီး meeting မှာ အရေးကြီးတာတွေကို note မထားမိကြဘဲ နေကြတာပါ။ developer တော်တော်များများက စာတွေလေ့လာပြီး brain က နည်းနည်းလွတ်ကြတာမို့ အစပိုင်းမှာ မှတ်မိသလိုလိုရှိပြီး ကြာလာရင် ခနမှတ်မိလိုက် ပျောက်သွားလိုက်ဖြစ်တတ်ပါတယ်။ အာ့လိုမဖြစ်ရအောင် meeting တွေ campus တွေရှိရင် လိုအပ်တာတွေကို note ထုတ်ထားကြဖို့လဲ ပြောချင်ပါတယ်။
နောက်ဆုံးအနေနဲ့ကတော့ အလုပ်လုပ်နေသည့်တိုင် အားရင် အားသလို နည်းပညာအသစ်တွေကို လေ့လာနေဖို့ပါပဲ။ ဘယ်သူ့နောက်မှ ကျန်မနေခဲ့ဖို့က အရေးကြီးပါတယ်။ ဆိုတော့ ဒီလောက်ပါပဲ။