ကျွန်တော်ရဲ့အမြင်ကို ပြောရမယ်ဆိုရင်တော့ မလုံလောက်သေးပါဘူး။ ဘာလို့ဆို AI တွေမှာ limitation တွေရှိနေသေးလို့ပါပဲ။
ပထမဆုံး Ai တော်တော်များများရဲ့ ပြဿနာက သူတို့ရဲ့ Knowledge တွေ train ထားတဲ့ data တွေ အကန့်အသတ်ရှိကြတာပါပဲ။ တော်တော်များများက 2023 လောက်ထိပဲ data တွေကို train ရသေးတယ်။ ဆိုတော့ လက်ရှိမှာ ဖြစ်နေတဲ့ပြဿနာတွေဆိုရင် သူက သေချာမသိနိုင်သေးဘူး။ ဒါပေမဲ့ သူကမသိရင် မသိဘူး မပြောဘဲနဲ့ outdated ဖြစ်နေတဲ့ solution တွေပြန်ပေးပြီး သူထင်တာကိုလဲ ရမ်းရှီးနိုင်ပါသေးတယ်။ ဒါကြောင့် တကယ့် solution ကို ကွက်တိရနိုင်မှာ မဟုတ်ပါဘူး။ ဆိုတော့ Framework update တွေ library version အသစ်တွေမှာ ဖြစ်တတ်တဲ့ Error တော်တော်များများ
အတွက် တိကျတဲ့ ဖြေရှင်းနည်းတွေ ထုတ်ပေးနိုင်ဦးမှာ မဟုတ်ပါဘူး။
နောက်ထပ်တစ်ခုကတော့ ဖြစ်နေကြဖြစ်တဲ့ Environment Error တွေကိုလဲ Ai ကနေ တိတိကျကျမ ဖြေရှင်းပေးနိုင်ပါဘူး။ ကိုယ့်ရဲ့ Operation System ကြောင့်ဖြစ်တာမျိုးတွေ၊ dependencies conflict လို ပြဿနာမျိုးတွေမှာလဲ Ai တွေက သေချာ မဖြေရှင်းပေးနိုင်သေးပါဘူး။
ဒါကတော့ Ai တွေရဲ့ ပြဿနာဆိုတာထက် တစ်ခါတလေ user တွေကြောင့်လဲဖြစ်နိုင်ပါတယ်။ မေးတဲ့မေးခွန်းနဲ့ မဆိုင်တာတွေဖြေပေးတာ ၊ သူထင်တဲ့ solution တွေပြန်ပေးတာမျိုးတွေလဲ ရှိနေပါသေးတယ်။ ဒါကြောင့် Ai က ပြောတာကိုပဲ ဇောက်ချပြီး Copy Paste လုပ်မနေနဲ့။ သူက သင့်ကို ရမ်းရှီးနေတာလဲ ဖြစ်နိုင်ပါတယ်။
Error တွေကို ဖြေရှင်းတယ် Debug လုပ်တယ်ဆိုတာ တကယ်တော့ ပြန်မေးရမဲ့ Question တွေ အများကြီးပါပဲ။ ဥပမာပြောရရင် ကျောင်းသားတစ်ယောက်က Error တစ်ခုခုတတ်လို့ လာမေးပြီဆိုပါတော့ ကျွန်တော်ကနေပြီး ဘယ်ဖိုင်ကို စစ်ကြည့်၊ ဘယ်ဖိုင်ကို ပြပေး၊ ဒီလိုမျိုး လိုအပ်မယ်ထင်တာကို ပြန်မေးပြီး error ကို အလွယ်တကူရှာတွေနိုင်သလို debug လုပ်ရတာကိုလဲ ပိုမိုမြန်ဆန်စေပါတယ်။ ဒါပေမဲ့ Ai ကိုသွားမေးရင်တော့ သူက ဘာမှပြန်မေးမှာမဟုတ်ဘဲ ထည့်ပေးလိုက်တဲ့ input data တွေကိုသာ focus ထားပြီး ဖြေပေးတာမျိုးကို အဓိက လုပ်ဆောင်တာဖြစ်ပါတယ်။ file တစ်ဖိုင်ထဲက ဖြစ်တဲ့ ပြဿနာမျိုးဆို တန်းပြီး အဆင်ပြေနိုင်ပေမဲ့ codebase ထဲက file တွေနဲ့သက်ဆိုင်တာမျိုး၊ third party package တွေကြောင့် ဖြစ်တဲ့ ပြဿနာမျိုးတွေ ဆိုရင်တော့ အဆင်မပြေဘဲ တိုင်ပတ်နိုင်ပါတယ်။
ဒါတွေဖြေရှင်းဖို့ကတော့နည်းကတစ်နည်းပဲရှိပါတယ်။ အာ့တာကတော့ လူတွေပါပဲ။ GitHub discussion, Stack overflow လိုမျိုး community တွေမှာမေးတာမျိုးတွေ senior developer တွေလိုမျိုး အတွေ့အကြုံရှိတဲ့ developer တွေကို မေးမြန်းတာမျိုးတွေက ပိုပြီးမြန်ဆန်တိကျတဲ့ ဖြေရှင်းနည်းတွေကို ရနိုင်ပါတယ်။
မေးမြန်းတဲ့အခါမှာလဲ ဒီအချက်သုံးချက်နဲ့မေးမြန်းပါ။
Error Log အပြည့်အစုံ ပါတဲ့ပုံ
သက်ဆိုင်တဲ့ Code file တွေနဲ့ Config file တွေ
ဖြေရှင်းပြီးတဲ့ နည်းလမ်းတွေ
ဒီလိုပြည့်ပြည့်စုံစုံလေးမေးမြန်းရင် ပိုပြီးမြန်ဆန်တဲ့ response တစ်ခုကို ရရှိမှာဖြစ်ပါတယ်။
နောက်ထပ်တစ်ခုကတော့ ကိုက Forums တွေ Community တွေမှာ မေးတယ်။ ဖြေရှင်းနည်းတွေ့တယ် ဆိုရင် မေးခဲ့တဲ့ post မှာဖြစ်ဖြစ် post အသစ်တစ်ခုတင်ပြီးတော့ ဖြစ်ဖြစ် ကိုယ့်ရဲ့ အဆင်ပြေသွားတဲ့ ဖြေရှင်းနည်းကို ပြန်ပြောပေးပြီး contribute သင့်ပါတယ်။ ဒါမှသာ ကိုကြုံရတဲ့ error ကို တစ်ခြားတစ်ယောက်က ကြုံရတဲ့အခါ အလွယ်တကူဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ်။