Full Stack Development Mastery
DEVELOPING
Master full-stack development with React, Node.js & MERN.
DEVELOPING
Master full-stack development with React, Node.js & MERN.
No peek video available for now.
Course Development Progress
90%
80000 MMK
သင်က Full Stack Developer တစ်ယောက်အနေနဲ့ local မှာကော oversea မှာပါ အလုပ်လုပ်ကိုင်ချင်တာလား၊ ဒါမှမဟုတ် HTML, CSS, JavaScript တို့ကို လေ့လာပြီး ဘာဆက်လုပ်ရမလဲ စဉ်းစားနေသူ တစ်ယောက်လား။ ဒါဆိုရင်တော့ ဒီ course က သင့်အတွက်ပါပဲ။ ဒီသင်တန်းမှာဆိုရင် Full Stack Developer ဖြစ်လာဖို့အတွက် လိုအပ်တဲ့ Frontend Skill ပိုင်းကော Backend Skill ပိုင်းကိုပါ အခြေခံတွေကနေ တစ်ဆင့်ချင်း လေ့လာသွားကြရမှာ ဖြစ်ပါတယ်။
Frontend Development ရဲ့ Popular Library တစ်ခုဖြစ်တဲ့ React JS ကို အခြေခံကနေ project အသေးလေးတွေရေးပြီး လေ့လာရမှာဖြစ်ပြီး Backend Development အပိုင်းမှာတော့ Node, Express, MongoDB ဒါတွေကို အခြေခံကနေစတင်ပြီး Secure ဖြစ်တဲ့ industry level APIs တွေ website တွေ ရေးသားနိုင်တဲ့ အထိလေ့လာသင်ကြားရမှာဖြစ်ပါတယ်။
ဒါတွေက အပေါ်ယံပဲရှိပါသေးတယ်။ ဒီလို core framework တွေ Library တွေအပြင် Typescript, WebSocket, databases, web security, testing, state management စတာတွေအပြင် Developer တိုင်းသိထားသင့်တဲ့ Figma Design Tool Essentials ကိုပါ ထည့်သွင်းသင်ကြားပေးထားပါတယ်။ နာရီ ၇၀ နီးပါး သင်ကြားပေးထားတာတွေ ဖြစ်လို့ တစ်ခုချင်းပြောပြရင် ပြောကုန်မှာမဟုတ်ပါဘူး။ အသေးစိတ်သိချင်ရင် course content မှာ ပါဝင်တဲ့ chapter တွေနဲ့ သင်ခန်းစာအသေးစိတ်တွေကို လေ့လာနိုင်ပါတယ်။
ဒါ့အပြင် ဒီ Full Stack Developer သင်တန်းမှာဆိုရင် Code ကြီးပဲ သင်ရမှာမျိုးမဟုတ်ဘဲ တစ်ခြားသော အတန်းတွေလိုမျိုးပဲ Developer တစ်ယောက်ရှိထားသင့်တဲ့ Practices, Problem Solving, Logical Thinking, Database Designing, clean and maintainable ဖြစ်တဲ့ code တွေ ဘယ်လိုရေးရမယ်၊ စတဲ့ Developer တစ်ယောက်ရှိထားသင့်တဲ့ skill တွေကိုပါ sharing ပြုလုပ်ပေးသွားဦးမှာပါ။
Node JS
Understanding Databases
Express JS
Structuring API endpoints
Simple CRUD APIs
Database design & planning
Middleware
Handling File Upload
Authentication (JWT, Cookies & others)
Testing APIs with Postman
React JS
Vite
Tailwind CSS
Shadcn UI
State Management
Context API
Zustand
Redux / Redux Toolkit
Axois
Typescript Essential
React Router Dom v7
Socket IO
REST API with Typescript
Zod
Cloudinary
EJS
Figma
React Testing
Fastify
Deployment
Project တွေအနေနဲ့တော့ တော်တော်များပါတယ်။ ဒီထဲကမှ တစ်ချို့ Project တွေကတော့ React JS လေ့လာပြီးတဲ့အခါမှာ Background Changer App, Currency Converter App, Gusto Project with React Router Dom (free အနေနဲ့ yt channel မှာတင်ပေးထားပါတယ်) ဒီလိုမျိုး Project တွေရေးသားရမှာဖြစ်သလို Socket လေ့လာပြီးတဲ့ အခါမှာ Real-time Chat Room App တစ်ခုကို ရေးသားကြရမှာပါ။ Backend Development လေ့လာပြီးတဲ့အခါမှာတော့ secure ဖြစ်တဲ့ API တွေကို ရေးသားရမှာဖြစ်ပြီး Figma လေ့လာပြီးတဲ့အခါ Design Project တစ်ခုကို အတူတူရေးသားကြရမှာပါ။ နောက်ဆုံးမှာတော့ သင်ထားတွေ အကုန်လုံးပေါင်းပြီး Design ဆွဲထားတဲ့ Full Stack E-commerce website ကို တည်ဆောက်သွားကြရမှာဖြစ်ပါတယ်။ ဒီ Project က Master Project လဲ ဖြစ်သလို သင်တန်းတစ်လျှောက်လုံးမှာ သင်ကြားလာခဲ့သမျှကို ထည့်သွင်း အသုံးပြုရမှာဖြစ်ပါတယ်။
64 Hours. 11 Sections. 123 Lessons
HTML, CSS, JavaScript လေ့လာပြီး ဘာဆက်လေ့လာရမှန်းမသိတဲ့ သူတွေ
Full Stack Developer တစ်ယောက်အနေနဲ့ လုပ်ငန်းခွင် ဝင်ချင်တဲ့သူတွေ
MERN STACK ကို စိတ်ဝင်စားပြီး အခြေခံကနေ သေချာလေ့လာချင်သူတွေ တတ်ရောက်သင့်ပါတယ်။
ဒီအတန်းကို Join ဖို့အတွက်က web development ရဲ့ အခြေခံတွေဖြစ်တဲ့ HTML, CSS, JavaScript ကို သိထားရင်လုံလောက်ပါပြီ။ တစ်ခြား ဘာမှသိထားစရာ မလိုပါဘူး။
Full Stack Developer တစ်ယောက်အနေနဲ့ သိထားသင့်တဲ့ အခြားသင်ခန်းစာတွေကိုလဲ ဝယ်ယူလေ့လာနိုင်ပါတယ်။
DEVELOPING
Learn to build a full-stack hotel booking app with React, TypeScript, GraphQL, and Node.js.
Was 40000 MMK
35000 MMK
DEVELOPING
From beginner to pro in Go — explore the language, build projects, and gain new skills.
Was 50000 MMK
42000 MMK
UPDATING
Build full-scale web applications with Next.js and TypeScript.
Was 50000 MMK
40000 MMK
Hello Guys! ကျွန်တော်ကတော့ Arkar ပါ။ ကျွန်တော်ဟာ web development ကို 2020 မှာ စတင်လေ့လာခဲ့ပြီး experience (5) နှစ်နီးပါး ကျော်ဖြတ်ခဲ့ပြီးပါပြီ။ 2023 ခုနှစ်ကနေ စတင်ပြီး online course တွေ / tutorial တွေ အနေနဲ့ ကျွန်တော်ရဲ့ အတွေ့အကြုံတွေကို မျှဝေပေးခဲ့ကာ နယ်ပယ်အစုံက ကျောင်းသားပေါင်းများစွာကိုလဲ လုပ်ငန်းခွင်ဝင်နိုင်တဲ့ အထိ သင်ကြားပေးခဲ့ပြီးပါပြီ။
ကျွန်တော်ရဲ့ သင်ကြားပုံကတော့ ရိုးရှင်းတယ်။ တစ်ဆင့်ချင်းသွားပြီး လွယ်ကူတဲ့ practical project တွေ များများရေးရရတယ်။ နောက်ဆုံးမှာ particle တွေကို စုပြီး master project တွေ ရေးရတယ်။
code တွေပဲ သင်ပေးတာမျိုးမဟုတ်ဘဲdocumentation နဲ့ တွဲပြီး ဘယ်လိုလေ့လာရမယ်၊ solution တွေကို ဘယ်လိုစဉ်းစားရမယ် စတဲ့ Developer တစ်ယောက်မှာရှိထားသင့်တဲ့ practice တွေနဲ့ အတူ code တွေထက် ကျောင်းသားတွေရဲ့ soft skill တွေကိုပါ တိုးတက်အောင် လေ့ကျင့်သင်ကြားပေးပါတယ်။
Latest 3 reviews from students who enrolled in my course
စာသင်တာလဲကောင်းသလို စာမေးရင်လဲ စိတ်ရှည်ရှည်နဲ့ သေချာရှင်းပြပေးတဲ့ ဆရာပါ။ ရှင်း”ပြောရရင် ဒီထက် သင်တန်းကြေးပိုများတဲ့ သင်တန်းတွေ တက်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဆရာသင်တန်းလောက် အဆင်မပြေခဲ့ပါဘူး။ နောက်လဲ ဒီလိုမျိုး သင်တန်းကြေး သက်သက်သာသာနဲ့ အတန်းလေးတွေ ဖွင့်ပေးပါဦးဆရာ။
ဆရာက စာရှင်းပြတာတစ်ကယ်ကောင်းပါတယ်။ လေ့လာရတာလဲ တော်တော်အဆင်ပြေပါတယ်။ သင်တန်းတစ်လျှောက်နဲ့ စာမေးတာတွေကို သေချာဖြေပေးတာတင်မဟုတ်ဘဲ အလုပ်လျှောက်တဲ့ ပြင်ဆင်ရမှာတွေကို သေချာပြောပေးလို့ ကျေးဇူးတင်ပါတယ် ဆရာ။ အခုတော့ Local Bank တစ်ခုမှာ Junior Position နဲ့ အလုပ်ရသွားပါပြီ။
Record အတန်းဆိုပေမဲ့ Zoom အတန်းလို Vibe မျိုးနဲ့ သင်ရတာ တော်တော်ကို အဆင်ပြေပါတယ်။ စာကြီးပဲ သင်တာမဟုတ်ဘဲ လမ်းကြုံရင် ကြုံသလို Sharing လုပ်ပေးတာကိုလဲ အရမ်းသဘောကျပါတယ်။ အခုဆို ဆရာ့ကျေးဇူးနဲ့ Documentation ဖတ်ပြီး ဘာလာလာ ရေးနိုင်နေပါပြီ။ ဆရာ့အတန်းတက်မဲ့သူတွေကိုလဲ100% recommend ပေးပါတယ်။
Record Video Class ဖြစ်ပြီး HD quality video များဖြင့် လေ့လာရမှာ ဖြစ်ပါတယ်။ စာမေးမြန်းဖို့ အတွက် Telegram Group စီစဉ်ထားပေးမှာ ဖြစ်ပြီး သင်ခန်းစာများကို Google Drive ထဲမှာ တင်ပေးထားမှာဖြစ်ပါတယ်။ လိုအပ်တဲ့ Resource အကုန်လုံးကို Notion Page မှာ တင်ပေးထားမှာဖြစ်တာမို့ Notion Page ကနေ အေးဆေး လေ့လာရုံပါပဲ။
Paid Course တွေက ပိုပြီးတော့အခြေခံကျကျ ရှင်းရှင်းလင်းလင်း သင်ကြားရမယ်။ မသိနားမလည်တာတွေအတွက် သီးသန့် Discussion Group တွေ ထားရှိပေးထားမှာ ဖြစ်ပြီး အခြေခံကနေ ဆရာကြီးဖြစ်တဲ့ အထိ ထိထိရောက်ရောက် လေ့ကျင့်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
Lifetime access ပေးထားဝာာမို့ major outline မပြောင်းမချင်း ဝယ်ယူပြီးတာနဲ့ တစ်သက်လုံး သားစဉ်မြေးဆက် အမွေပေးလို့ရပါတယ်။
သင်တန်းပြီးချိန် Assignment တွေစုံလင်အောင် ထပ်နိုင်ပါက Certificate ရရှိမည် ဖြစ်ပါသည်။